ဘားအံ ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်း၊ ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဘားအံမြို့အတွင်းရှိ ဘားအံ-ထုံးအိုင်လမ်း၌ အုတ်စီရေ မြောင်းပြုလုပ်ခြင်းနှင့် ရေမြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၆၀)ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီး ကြပ်၍ ၂(အရှည် (၂၀၃၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့် (၂)ပေ(၆)လက်မ)ရှိသော ဘားမဲ့တောင်ခြေမှ ရွှေကင်းတူးမြောင်းထိ အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် ရေမြောင်းအဖုံးပြု လုပ်ခြင်းလုပ်ငန်းကို ၂၀၂၁ -၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၃၇.၂၁၀)သန်းဖြင့် စက်တင်ဘာလ(၁၀)ရက်နေ့မှ စတင်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၆၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက်ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ပြီး မြို့သန့်ရှင်းသာယာလှပသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လင်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)