လောင်းလုံး ဇန်နဝါရီ ၇
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လောင်းလုံးမြို့နယ်ခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရ သေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူပြည်သူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာ ရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦးတို့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း