ငရုတ်ကောင်း၊ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ ရပ်ကွက်နေပြည်သူများ ပူပြင်းခြောက်သွေ့သော ရာသီကိုရောက်ရှိလာပြီး မီးလောင်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး အသိပညာပေးနှိုးဆော်ခြင်းယမန်နေ့ညနေပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့မီးသတ်စခန်းမှ ဒုလက်ထောက်မီးသတ်ဦးစီးမှူးဦးသူရအောင် ဦးဆောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် စည်းကမ်းချက်များ လိုက်နာရန် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါကလည်း မီးလောင်ဆုံးရှုံးမှု လျော့နည်း စေရေးအတွက် အသုံးပြုလျှက် ရှိသည့် လျှပ်စစ်ဝါယာကြိုးများအားစနစ်တကျ သွယ်တန်း တပ်ဆင် အသုံးပြုကြရန်၊ စက်သုံးဆီအရောင်းဆိုင်များအား ညွှန်ကြားအတိုင်း လိုက်နာဆောင်ရွက် ရောင်းချရန်၊ မီးဘေးအန္တရာယ် ဖြစ်စေ နိုင်သောမီးရှူး၊ မီးပန်း၊ဗျောက်အိုးများအား နေအိမ်အဆောက်အဦး များတွင် မထားရှိစေရေးအတွက် ပြည်သူများကိုအသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)