အိမ်မဲ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရေကြောင်းရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော် ၊မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကောင်းမြတ်စံ၊ အဖွဲ့ဝင်(၂)ဒေါက်တာသန်းဌေးနှင့် တာဝန်ရှိသူများက အိမ်မဲမြို့နယ်၊ တကောကျေးရွာ အုပ်စုအမက(ဝါးသမိန်)တည်ဆောက်နေမှု၊ မင်းကျောင်းဘုန်းတော်ကြီး ကျောင်းမှ သံဃာတို့အားဆွမ်း၊ ဆန် ဆက်ကပ်ခြင်းနှင့် လူကောင်းကျွန်းတိုက်နယ် အထက (ငါးဖျင်း သလပ်) တည်ဆောက်နေမှု၊ ရှမ်းစုကျေးရွာအနီး ပုလုချောင်းဆုံနေရာ၌ လုံခြုံရေးပူးပေါင်း အဖွဲ့များမှ ရေကြောင်း ရှာဖွေစစ်ဆေးဆောင်ရွက်နေမှု၊ လူကောင်းကျွန်းတံတားတည် ဆောက်နေမှုနှင့် ဂုံညှင်းတန်း ကျေးရွာရှိ စိုက်ပျိုးရေးခြံဆောက်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်