မင်းလှမြို့နယ် အခြေခံပညာကျောင်းများ၌ (ပထမ)နှစ်ဝက် စာမေးပွဲဖြေဆိုစစ်ဆေးခြင်း ဆက်လက် ဖြေဆို

မင်းလှ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ် မြောက်မှုများအား မူလတန်းအောက် အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ ရက်မှ ၇ ရက်) နေ့အထိ တစ်နေ့လျှင် (၂) ဘာသာနှုန်းဖြင့် စာသင် ချိန်တစ်ချိန် (၄၅) မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းများအလိုက် ဖြေဆိုစစ်ဆေးလျက်ရှိရာ ယနေ့ (ဒုတိယနေ့)တွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်းနှင့် ဘ/က ဘုန်းတော်ကြီးသင်ကျောင်း (၄)ကျောင်း စုစုပေါင်း(၁၅၉)ကျောင်း ဖွင့်လှစ်လျက်ရှိပြီး၊ အခြေခံပညာကျောင်းများတွင် ကျောင်းသူ/ သား (၁၁၃၇၀)ဦးနှင့် ဘ/က ဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျောင်းသူ/သား (၆၃၉)ဦး၊ စုစုပေါင်း ကျောင်းသူ/သား (၁၂၀၀၉)ဦး တက်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲများကို သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ