နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်(၅၄၄၀)ဦး ပြုလုပ် ပေးပြီးဖြစ်

နတ်မောက်   ဇန်နဝါရီ  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပြီးစီးသူ (၅၄၄၀) ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မေလ ()ရက်နေ့မှ ဇန်နဝါရီလ () ရက်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်များ လာရောက်ပြုလုပ်ကြရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၅၈၆)ဦး၊ (၆၃၄)ဦး၊ အသက်(၁၈) နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား( ၁၁၀၂ )ဦး၊ (၁၂၉၇)ဦး၊ လဲလှယ်သူ ကျား(၄၆၆)ဦး၊ (၅၅၂)ဦး၊ မိတ္တူ ကျား(၅၁၀)ဦး၊ (၂၉၃)ဦး၊ စုစုပေါင်း (၅၄၄၀)ဦးတို့အား ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာပေါင်း(၂၃၄)ရှိပြီး အဆိုပါ ရပ်ကွက်ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်သူများ စုစုပေါင်း(၂၅၄၄၀)ဦး ရှိပြီဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ပြည်သူများအား ဆက်လက်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံက သိရသည်။

သင်းသင်းမြတ်