မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ပေး လျက်ရှိ

မြဝတီ ဇန်နဝါရီ ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ ကျောင်းသူ/သားများနှင့် သားငယ်၊ သမီးငယ်များအတွက် ဗဟုသုတရရှိရန် မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ ရသစာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)