ပိုင်ကျုံ ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ အကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှောချ ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှာ ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်တွင် (၅၀၀ပေx၁၄ပေx၆လက်မ)ရှိ ကွန်ကရစ်လမ်း(၁)လမ်း၊ ကြက်တူရွေးကျေးရွာအုပ်စုတွင် (၁မိုင်x၁၂၄ပေx၁ပေ)ရှိ ထီးဖိုးခီး_ကမား ကျေးရွာ ရွာချင်းဆက်ကျောက်ရောမြေသားလမ်း (၁)လမ်း၊ ကော့ဖမွတ်ကျေးရွာအုပ်စုတွင် (၁မိုင်x၁၂ပေx၁ပေ)ရှိ ကော့ဖမွတ်_ကော့ကစွယ် ကျေးရွာချင်းဆက် လမ်း ဂဝံမြေသားလမ်း(၁)လမ်း၊ ပတကျေးရွာအုပ်စုတွင် (၁မိုင်x၁၂ပေx၁ပေ)ရှိ ဂါတ်တဲကုန်း_ပတချောင်းနား ကျေးရွာချင်းဆက် မြေသားလမ်း(၁)လမ်း၊ ကစိုကျေးရွာအုပ်စုတွင် (၁၂ပေx၁၀ပေx၁၀ပေ)ရှိ သံကူကွန်ကရစ်တံတား(၁)စင်း၊ ရေပူကြီး ကျေးရွာအုပ်စုတွင် ရေပူကြီးအ.လ.က(ခွဲ)ကျောင်းလမ်အား (၅၀၀ပေx၁၆ပေx၆လက်မ)ရှိ ကွန်ကရစ်လမ်း (၁)လမ်းနှင့် ကော့မရိုင်းကျေးရွာအုပ်စု ကော့မရိုင်း_ကျိုက်ပေါင်ကျေးရွာချင်းဆက် လမ်းပေါ်တွင် (၁၀ပေx၁၂ပေx၁၀ပေ)ရှိ သံကွန်ကရစ်တံတား(၁)စင်း စုစုပေါင်းလုပ်ငန်း(၇)ခုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးပါက ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပိုင်ကျုံ (ပြန်/ဆက်)