ကျိုက်လတ်မြို့နယ် Community Centreခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြသ

ကျိုက်လတ် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်ရုံးCommunity Centreခန်းမတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် Omicronရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသခြင်း နှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ နေ့လည် ၁၂နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး  နံရံကပ်စာစောင်ပြပွဲတွင်  ပြည်သူများ၊ စာဖတ်ပရိသတ်များ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှုများ သိရှိ၍ ကြိုတင်ကာကွယ်သိရှိနိုင်ရန်၊  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron )ရောဂါပိုးများသတိပြုကာ မိမိက  ကာကွယ်ပါ၊ ကိုဗစ်-၁၉ရောကိုမိမိကစ၍ဆက်လက်ကာကွယ်ပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်  မပျက်မကွက်ထိုးနှံကြရန်  နှင့် ကိုဗစ်၁၉ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးလက္ခဏာများ၊ ရောဂါပိုးဖြန့်ဝေသူ မဖြစ်ဖို Maskတပ်ကြစို့ စသည့် အသိပညာပေး အကြောင်းအရာများ၊ ဆောင်းပါး၊ကဗျာ၊ကာတွန်းများ ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် ကိုဗစ်-၁၉ရေးဂါကာကွယ်‌ရေးအသိပညာပေးကျန်းမာရေးစာအုပ်များ၊  သုတရသစာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ရုပ်ပြစာအုပ်များ၊စုံလင်စွာပြသထားရှိရာ စာဖတ်ပရိသတ်နှင့်ပြည်သူများ စိတ်ဝင်စားစွာလေ့လာ ခဲ့ကြသည်။

ဌေးဌေးလှိုင်