လိပ်သို ဒီဇင်ဘာ ၆
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ မှတ်တမ်းဓါတ်ပုံများအား ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ကရင် ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင် အား ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ၁၉ ရာစု နောက်ပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးများ၊ အခြား နိုင်ငံများတွင်များတွင် တွေ့ရသောအက်ဖက်တာမင်းပုံစံအမျိုးကွဲများ၊ စိတ်ကြွဆေး ပုံစံမျိုးမျိုး ၊ ဘိန်းသီးမှဘိန်းဆီခြစ်ယူနေသည့်ပုံ၊ ဘိန်းဖြူပုံစံ၊ ဘိန်းခင်း၊ ဘိန်းမဲ၊ သိန်းစိမ်းနှင့် မူးယစ်ဆေးဝါး အသိပညာပေး ကဗျာများအား ထည့်သွင်းပြသထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုတ ပိုမိုရရှိနိုင်စေရန်အတွက် မြေစိုက်နံရံကပ်ဘုတ်နှင့် နံရံကပ်စာစောင်များအား နေ့ထူးနေ့မြတ်များ၊ အချိန်ကာလနှင့်လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်လဲလှယ် ပြသပေးလျက်ရှိကြောင်း သိရသည်။
မြို့(ပြန်/ဆက်)