ဟိုင်းကြီးကျွန်းဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းအသစ်များ တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက အမှတ်(၂) ရပ်ကွက်၊ ပမ္မဝတီလမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေနုတ်မြောင်းအသစ်များတူးဖော်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတာ ကာလတွင် ဟိုင်းကြီးကျွန်းမြို့ရှိ အဓိက ရေနုတ်မြောင်း (၄) မြောင်းဖြစ်သည့် ပမ္မဝတီလမ်း၊ အနော်ရထာလမ်း၊ ကျန်စစ်သားလမ်းနှင့် (၄)လမ်းတို့ကို လုပ်သားအင်အား၊ အဖွဲ့ပိုင် စက်ယန္တရား (၂)မျိုးဖြင့် အသုံးပြု၍ ရေနုတ်မြောင်းအသစ်များ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် ရေနုတ်မြောင်းများအပေါ်သို့ ကျူးကျော် မှုများမရှိစေရေး ၊ အမှိုက်စွန့်ပစ်မှုများမရှိစေရေး၊ ဆိုင်းဘုတ်များစိုက်ထူခြင်း မရှိစေရေး လိုက်နာမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာ ရေးအဖွဲ့တာဝန်ရှိသူထံမှသိရသည်။
နွေးနွေးအောင်ကြွယ်