အမာမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များ ပြသ

အမာ    ဇန်နဝါရီ   

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စ၍ ခင်းကျင်းပြသထားကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်များတွင် မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းယှက် ဆောင်ရွက်နေပုံများ ဘိန်းပင်များစိုက်ပျိုးထားပုံ ဘိန်းသီးမှဘိန်းဆီထွက်လာပုံများ ဘိန်းစိုက်ပျိုး၍ ချောင်းရေများခန်းခြောက်နေပုံ စသည့်မှတ်တမ်းပုံများ ဆေးလိပ်သောက်ခြင်း သူတစ်ပါး၏ ဆေးလိပ်ငွေ့ရှူခြင်းတို့ကြောင့် ရောဂါမျိုးစုံဖြစ်ပွါပြီးအသက်သေသည်အထိဖြစ်လာပုံ စိတ်ကြွရူးသွပ် ဆေးနှင့်ပတ်သက်သည့် အကြောင်းအရာများ မူးယစ်ဆေးသုံးစွဲပါက ဖြစ်လာတတ်သည့်ရောဂါ လက္ခဏါများ ကွမ်းစားခြင်းအန္တရာယ်များအသိပေးနှိုးဆော်ချက် စသည်တို့ကို အများပြည်သူ လေ့လာ သိရှိနိုင်ရေး  အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ပြည်သူများ၊ စာကြည့်တိုက်သို့လာရောက်သည့် စာပေဝါသနာရှင်များမှ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရှိရသည်။