ဖျာပုံ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထု အခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီအချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာရေးဆရာ မိုးပန်းမွန်(ရာမည) ရေးသားသည့် ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်စာအုပ်မှ ”လူငယ်နှင့်အချိန်၏တန်ဖိုး “ ဆောင်းပါးအား ဖျာပုံမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ( Book Club ) အဖွဲ့ဝင် ဦးဟန်ဝင်းအောင် မှ ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အသီးသီး ပြန်လည်ဆွေးနွေးကြကြောင်း သိရှိ ရသည်။
အောင်ဝင်းနိုင်