ကြာအင်းဆိပ်ကြီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသ

ကြာအင်းဆိပ်ကြီး မတ် ၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၁နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ကွင်းပြင်၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ အသိပညာပေးသရုပ်ပြသပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းက ပူးပြင်းခြောက်သွေ့သောရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် အများပြည်သူများ အသက်အိုးအိမ် စီးပွားဥစ္စာနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးလောင်မှု မီးလန့်မှုများ မဖြစ်စေရေးအတွက် ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို မိမိတို့ဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ စက်သုံးဆီအရောင်းဆိုင်များ စားသောက်ဆိုင်များနှင့် ရပ်ကွက်နေပြည်သူများအား မီးသတ်ဆေးဗူးသုံးစွဲအသုံးပြုပုံ အသုံးပြုနည်းများကို ရှင်းလင်းပြသပေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူး ဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကိုပြသပေးပြီး တက်ရောက်လာသူများအား ကိုယ်တိုင်ကိုယ်ကျ လက်တွေ့မီးငြှိမ်းသတ်စေခဲ့ကြောင်းသိရသည်။

မျိုးမင်းဦးပြန်/ဆက်