မြန်အောင် ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင် မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့ နံနက်က မြန်အောင်မြို့အမှတ်(၅) ရပ်ကွက် အတွင်းရှိ ရပ်ကွက်ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) အပါအဝင်ရောဂါပိုးကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့နယ်အတွင်း ပြည်သူများအားလုံးကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ကျန်းမာရေးဝန်ကြီး ဌာ န၏ညွှန်ကြားချက်များနှင့်အညီ မိမိနေအိမ်တွင်သာနေ ထိုင်ကြရန်၊အပြင်သို့သွားတိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ အရေးကြီးကိစ္စမရှိလျှင်တခြားသူများထံသို့သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အ ရာဝတ္တုများကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာဆေးကြောရန်၊ တတ်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယ လက္ခဏာခံစားရလျှင် နီးစပ်ရာ ကျန်းမာ ရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာ ကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန်၊ မိမိတို့၌ရောဂါပိုးရှိသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီးဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရန်မိဘပြည်သူများကလည်းပူးပေါင်းပါဝင်ပေးကြပါရန် စသည့် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်