ရှမ်းရွာသစ် ဇန်နဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးနွဲ့က ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေး ပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် လှိုင်းဘွဲမြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနမှ ဒုတိယဦးစီးမှူးဦးစိုင်းရန်နောင်က ကလေးငယ်များနှင့်ပတ်သက်ပြီး ရသင့်ရထိုက်သည့် အခွင့် အရေးများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥ၍ပဒေများ၊ ကလေးသူငယ်အခွင့်အရေး (၄)ရပ်၊ သိမှတ်ဖွယ်ရာ ကလေးတို့၏အခွင့်အရေးများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ စသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာသိ ကောင်းစရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ် ကျင်းပဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)