ရွာသစ် ဇန်နဝါရီ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ တာဆန်းလဲစေတီ၌ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက တာဆန်းလဲစေတီ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ရွာသစ်မြို့တာဆန်းလဲကျောင်းတိုက် ဆရာတော် ထံမှ ဗိုလ်မှူးမျိုးမြင့်ဇင်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ရွာသစ်မြို့ တာဆန်းလဲကျောင်းတိုက် ဆရာတော် က လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ ၃၁ ရက် မှ ဇန်နဝါရီလ ၅ ရက်နေ့အထိ ငါးရက်တိုင်တိုင် ပူဇော်ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)