(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

ဘားအံ   ဇန်နဝါရီ   ၆

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ ညဦးပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ကရင်တိုင်းရင်းသား လက်နက် ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲတွင်  ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ညစာမသုံးဆောင်မီနှင့် သုံဆောင်နေစဉ်အတွင်း ဘားအံ မြို့နယ်ဂီတအစည်းအရုံးမှ အနုပညာရှင်များနှင့် ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ နည်းပြ၊ သရုပ်ပြများက တေးသံသာများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြ သည်။

ထို့နောက် ဂုဏ်ပြုသီဆိုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲတွင် သီဆိုတီးမှုတ် ဖျော်ဖြေပေးသော ဘားအံမြို့နယ် ဂီတအစည်းအရုံးကိုလည်းကောင်း၊ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး က ဘားအံတက္ကသိုလ်ဘာသာရပ် ပေါင်းစုံမှနည်းပြ၊ သရုပ်ပြများအားလည်းကောင်း ဂုဏ်ပြု လက်ဆောင်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို စည်းလုံးခြင်းသည်အင်အားဟု အဓိပ္ပါယ်ရသည့် ကရင်တေးသီးချင်းဖြင့် သီဆိုရုတ်သိမ်းခဲ့သည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)