ဗန်းမောက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ လွှင့်တင်ခြင်း၊ အလေးပြုခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဗန်းမောက် ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့ နံနက်()နာရီ(၂၀)မိနစ်အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ လွှင့်တင်ခြင်းနှင့် အလေးပြုပွဲ အခမ်းအနားကို မြို့မကျောက်တိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက်()နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက ဖတ်ကြားသည်။

အဆိုပါအခမ်းအနား၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကျပန်းစကား ပြောပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ရဲမှူး မောင်မောင်ရင်က လည်းကောင်း၊ ခရိုင်အဆင့် မြန်မာ့ရိုးရာ သိုင်းပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမား များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန်က လည်းကောင်း ဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့မကျောက်တိုင်ကွင်း၌ ပျော်ပွဲရွှင်ပွဲများနှင့် အားကစား ပြိုင်ပွဲများကို ကျင်းပရာ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ မီးထွန်းပြိုင်ပွဲ၊ အပ်နှာဖားထိုးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ချောတိုင်တက်ပြိုင်ပွဲများကို ကျောင်းသားကျောင်းသူများနှင့် ပြည်သူများက လာရောက်ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)