ဟုမ္မလင်း ဇန်နဝါရီ ၅
ဟုမ္မလင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင် အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ (၂၀) မိနစ်အချိန်တွင် ဟုမ္မလင်းမြို့နယ် အားကစားခန်းမရှေ့ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပခဲ့သည်။
ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက် ၇ နာရီအချိန်တွင် ဆက်လက် ကျင်းပခဲ့ရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များအား အလေးပြုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ဖတ်ကြားသည်။
ယင်းနောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ဌာနဆိုင်ရာ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ မြို့နယ်အဆင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြိုမိ၊မြို့ဖ ပြည်သူလူထု ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ( ရုံးချုပ်) ကပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း (ဧဆက်)