ပလောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပလောက်  ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကိုယနေ့နံနက်ပိုင်းမှစတင်၍ ပလောက်မြို့အားကစားကွင်းတွင် ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဟိတကာရီလူမှုကူညီရေးအသင်း အဖွဲ့နှင့် ဒေသခံပြည်သူ များ ပူးပေါင်းပြီးကျင်းပခဲ့ကြောင်းသိရသည်။

အထိမ်းအမှတ် အားကစားပြိုင်ပွဲများမှာ အမျိုးသား အလွတ်တန်း မီနီမာရသွန်အပြေးပြိုင်ပွဲ၊ အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ၊အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား အလွတ်တန်း လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်း ထုတ်ဆီးတိုးပြိုင်ပွဲ၊ ချောတိုင်တက်ပြ်ုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မဲနယ်အိုးရိုက်ပြိုင်ပွဲ၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသမီးစကောရွက်ပြိုင်ပွဲ၊ သက်ငယ်တန်းမီတာ (၁၀၀)၊ မီတာ(၂၀၀)၊ ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး အားကစားပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ ပလောက်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး  လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများမှဆုရရှိသူများကို တာဝန်ရှိ သူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)