ဘောဂလိမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဘောဂလိ  ဇန်နဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ပရိတ်သတ်များ၊ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင် များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော် အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင် များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်း များ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ် အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စာရေးဆရာ နတ်လျှင်ရွှေဂူ၏ အနာဂတ်ကိုမျှော်တွေးပါ စာအုပ်ဖြင့် Book Clubအဖွဲ့ဝင်များကို စာအုပ်ထဲတွင်ပါရှိသည့် ပညာပေး စာသားများ၊  အဖွဲ့ဝင်တစ်ဦးချင်းစီအလိုက် အလှည့်ကျ တစ်ပုဒ်စီဖတ်ကြားပြီး စာအုပ်ထဲ တွင် ပါရှိ‌သော အတုယူဖွယ် ဆောင်းပါပါအကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘောဂလိ (ပြန်/ဆက်)