ရေစကြိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ

ရေစကြို ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ယမန်နေ့ နံနက် နာရီအချိန်က လွတ်လပ်ရေးပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇောက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့၌ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်မှ ပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားတင်ပြပြီးနောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် စာစီစာကုံးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲများ ကျင်းပခဲ့ရာ ဆုရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင်ဗိုလ်မှူး အာကာဖြိုး၊ အဖွဲ့ဝင်ယာယီရဲမှူး တင်လတ်၊ အဖွဲ့ဝင်ဦးကျော်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်နော် (ချင်းတွင်းသား)