ဖောင်းပြင် ဇန်နဝါရီ ၅
ပြည်တောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၂ ခုနှစ် ဇန်နနဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၊ ချင်းတွင်းဗိုလ် လယ်ပန်းခြံတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံတော် အလံတင်ခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာများနှင့် ပြည်သူများက နိုင်ငံတော်လံအား အလေးပြု ခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို နံနက်(၇)နာရီအချိန်၌ ဆက်လက် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွှတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းက ဖတ်ကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ် သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနက ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အဆိုပါ အခမ်းအနားနှင့် မြို့မစျေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)