ရေဖြူ ဇန်နဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့ ကျရောက်သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊အခြေခံပညာ ကျောင်း များ၊ စည်ပင်သာယာဈေး၊ တက္ကစီဂိတ်နှင့် လူစည် ကားသည့် နေရာတို့တွင်လည်းကောင်း၊ ယနေ့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသူများအားလည်းကောင်း အခမဲ့အသိပညာ ပေး ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၁၉၄၆ ခုနှစ် ၊ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အလယ်ပစ္စယံညီလာခံ၌ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက် နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၆)လပြည့် နိုင်ငံတော် တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်အမည်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် များ စသည့်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခတ်တာ