သံတောင်မြို့ ပြည်သူ့စာကြည့်တိုက် Community Centre တွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

သံတောင်ကြီး ဇန်နဝါရီ    ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီ အချိန်က သံတောင်မြို့ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ခင်ထွန်းက လူမှု ဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းကြီး(၇)ရပ်အနက် အမျိုးသမီး များအပေါ်အကြမ်းဖက်မှု နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ ၊ အမျိုးသမီးများအား လူကုန် ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုအဖြစ်များသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ ၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအား ကြိုတင်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများအား အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)