ကြံခင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကြံခင်း  ဇန်နဝါရီ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့နံနက် (၉)နာရီအချိန်က ရွာသစ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများတွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများက Hand Speaker ဖြင့် အသိပေး နှိုးဆော်ခြင်းခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲအသစ် အိုမီခရွန်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်မှုများပြားလာပြီးဖြစ်သဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများမှ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာကြ ရန်၊ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် (မပျက်မကွက်) အကြိမ်ပြည့် ထိုးနှံမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်ပြီး ကုသမှုခံယူကြရန် အသိပညာပေး လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရ သည်။

မိုးမိုး(ပြန်/ဆက်)