ပေါက်ခေါင်း ဇန်နဝါရီ ၅
၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ဘော်လီဘော ပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော မြို့နယ် အဆင့် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့ အားကစား ခန်းမတွင် ကျင်းပသည်။
ဗိုလ်လုပွဲစဉ်အဖြစ် ကျော်ကြီးအသင်းနှင့် လီကွမ်အသင်းယှဉ်ပြိုင်ကစားကြရာ လီကွမ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနိုင်ရရှိသောအသင်းကို ဆုဖလားနှင့် ငွေသား ဆုကျပ် (၁၅၀၀၀ဝိ/) နှင့် ဒုတိယဆုရှိသည့် အသင်းကိုငွေသားဆု (၁၀၀၀၀၀) နှင့် ဆုတံဆိပ်များ၊ ပြိုင်ပွဲ တွင် အကောင်းဆုံးအားကစားသမား (၃)ဦးကိုလည်း တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်