သဲကုန်း ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ရပ်ဝေး/ရပ်နီး ပြည်သူများ၊ ဌာနဆိုင်ရာ အသီးသီး၊ အဖွဲ့အစည်းများမှ စုပေါင်း အလှူငွေများဖြင့် တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြည်သူ့ဆေးရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမင်းမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ ဘဏ္ဍာရေး အခြေအနေများအား အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ဦးမှ ရှင်းလင်းပြောကြားပြီး အောက်ဆီဂျင်စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် စက်ရုံဖွင့်ပွဲအလံများအား ပေးအပ်ရာ မြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ စိုးမင်းထွေးနှင့် Oxygen Plant ထိန်းသိမ်းရေးကော်မတီဝင် ဦးမြင့်လွင်တို့မှ လက်ခံရယူခဲ့သည်။
ထို့နောက် အောက်ဆီဂျင်စက်ရုံအတွက် ထည့်ဝင်လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီး မြို့မိ မြို့ဖ (၁) ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွး၊ အမှတ်(၆) တပ်မတော်ကာကွယ်ရေး ပစ္စည်း စက်ရုံမှ ဗိုလ်မှူးအောင်ဝင်းထွန်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။
ချစ်နှင်းသုန်