ကျောက်ကြီးမြို့ Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင် နှင့်စာအုပ်ပြပွဲ ပြုလုပ်

 ကျောက်ကြီး   ဇန်နဝါရီ   ၅

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်၊စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါပွဲအား ကျောက်ကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက(ခွဲ) ပဲခူးရပ်ကွက် ကျောင်းရှိ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်း၊ နံရံကပ် စာအုပ်စာစောင်ပြပွဲ၌ ခင်းကျင်းပြသထားသည် စာအုပ်စာပေးများ ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်၊ ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်က ယနေ့ ကျောင်းသား ကျောင်းသူ လူငယ်များအား လွတ်လပ်ရေးကြိုပမ်းမှု သမိုင်းအကြောင်းအရာများ သိရှိစေရန်နှင့် နေ့ထူးနေ့မြတ်များသိရှိနိုင်စေရန် ရည်ရွယ်ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၌ ဖွင့်လှစ်ထားသော ပြည်သူ့စာကြည့်တိုက်ကို ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ အတွက် တံခါးအမြဲ ဖွင့်ထားပေး ကြောင်း ပြောကြားပြီး၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီမြှင့် ပေးအပ်ခဲ့သည်။