လှိုင်းဘွဲ ဩဂုတ် ၂၅
ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မျိုးစေ့ထုတ်တောင်သူလယ်သမားများအား အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ပေါ်ဆန်းတစ်ဧက မျိုးစပါး (၁) တင်းလျှင် (၁၀၅၀၀) ကျပ်၊ ဆင်းသုခတစ်ဧက မျိုးစပါး (၁) တင်းလျှင် (၈၅၀၀) ကျပ်၊ မြေပြင်စိုက်စရိတ် (၇၅၀၀) ကျပ်၊ ဆင်းသုခစိုက်ပျိုးတောင်သူ (၁၉၂) ဦးကို (၈၃၅၀၀) ကျပ်နှုန်း ပေါ်ဆန်းစိုက်တောင်သူ (၂၂) ဦးကို(၈၅၅၀၀)ကျပ်နှုန်းဖြင့် မိုးစပါးစိုက်ဧက (၂၁၄) ဧကအတွက် မျိုးစေ့ထုတ်တောင်သူ (၈၅) ဦးတို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းနှင့်တာဝန်ရှိသူများက အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၂၄၆၄၃) ဧကရှိပြီး မျိုးသန့်မျိုးစေ့စိုက်ပျိုးမည့် သမ္ဘာန်၊ ထီလုံ၊ ဒိုင်းပြ၊ သာယာကုန်း၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကမော့ကချူး၊ ဝင်းစိန်၊ နောင်သငဲ့ စသည့် ကျေးရွာ (၂၀) တွင် မျိုးကောင်းမျိုးသန့် (၂၁၄) ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)