ညောင်တုန်းမြို့တွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း ဇန်နဝါရီ  ၅

ဧရာဝတီတိုင်းဒေသကြိး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်၇နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ဖတ်ကြားပြီး အ‌ခြေခံပညာ‌ကျောင်းများမှ လွတ်လပ်ရေးနေ့အထိမ်အမှတ်အကြို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရှိကြသည့် ကျောင်းသား‌၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့‌ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောင်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)