သရက်ချောင်း ဇန်နဝါရီ ၅
တနင်္သာရီတိုက်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက လွတ်လပ်ရေးနေ့တို့မမေ့၊ ထိန်းသိမ်းစို့လေ လွတ်လပ် ရေးအမွေ၊ လွတ်လပ်ရေးနှင့် အမျိုးသားရေးတာ၀န် ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများအား အသီးသီးချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာကြူ၊ ဌာနဆိုင်ရာတာ၀န်ရှိ သူများ၊ ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးနွယ်၀င်း