ပန်း​တောင်းမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အားကစားခန်းမ၌ (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲကို အလွတ်တန်း ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဂျပန်ဂိုးပြိုင်ပွဲ၊ အသက်ဆယ့်နှစ်အောက် ကလေးများ အပြေးပြိုင်ပွဲမီတာ (၅၀/၁၀၀)၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အားကစား ထူးချွန်ဆုများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွင် ဆုများ အသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ များ နေ့ထူးနေ့မြတ်များကို မှတ်မှတ်ထင်ထင် သိရှိစေခြင်း၊ ပူးပေါင်းဆောင်ရွက်လို စိတ်ရှိခြင်း၊ စည်းလုံး ညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစား စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့် အကျိုးကျေးဇူး ရရှိစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)