ရေကြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

ရေကြည် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အလံတင်အခမ်း အနားကို ယမန်နေ့နံနက် () နာရီ (၂၀)မိနစ် အချိန်တွင် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား မြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့က အလံတိုင်ထိပ်သို့ အစီအစဉ်အတိုင်း လွှင့်တင်ပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သိရသည်။

ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် () နာရီအချိန်၌ အဆိုပါ ကျောက်တိုင်ကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းဝင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက်  လွတ်လပ် ရေးနေ့အတွက် ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေဖြင့် အားကားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များ ပျော်ရွာစွာ ပါဝင်ဆင်နွဲခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)