ရေဖြူမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

ရေဖြူ ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော  သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၇) နာရီ၌‌ အောင်သာဝတီခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရေဖြူမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်ထံမှပေးပို့သော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်း၊ အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးခန့်ကျော်ထွန်း၊ ရဲမှုးလှနောင်၊ ဦးဧရာထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တ်တာ