မြန်အောင်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မြန်အောင်  ဇန်နဝါရီ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိရာ မြန်အောင်မြို့ အောင်ဇေယျခန်းမ၌   ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Sinoparm) Phase-4 ဒုတိယအကြိမ် ဆေးထိုးမည့်သူများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆေးထိုးပြီးကြောင်းလက်မှတ်များ စနစ်တကျ ထုတ်ပေးခြင်းများ ဆောင်ရွက်၍ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)