သရက်ချောင်းမြို့နယ်တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

သရက်ချောင်း ဇန်နဝါရီ

ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင် (၇၄) နှစ် မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက်(၆) နာရီ အချိန်က မြို့မရပ်ကွက်၊ ကျောက်တိုင်     ၀င်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လွပ်လပ်ရေးနေ့အခမ်းအနားမစတင်မီ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေး ဦးစီးဌာနမှ၀န်ထမ်းများ လွတ်လပ်ရေးနေ့  အထိမ်းအမှတ် သတင်းစကား လက် ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့​သည်။

ထို့နောက် လွတ်လပ်ရေးနေ့အခမ်းအနားမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံ တော်၀န်ကြီးချုပ်၊ ဗိုလ်ချူပ်မှူး ကြီးမင်းအောင်လှိုင်ထံမှပေးပို့လာသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် သ၀ဏ်လွှာကို သရက်ချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက ဖတ်ကြားခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့တို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)