အမာ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း၌ စတင်ကျင်းပခဲ့ကြောင်းသိရသည်။
အားကစားပြိုင်ပွဲများကျင်းပရာတွင် ယမန်နေ့ နံနက်၅နာရီခွဲအချိန်၌ အမျိုးသားမာရသွန်အပြေးပြိုင်ပွဲကို ကျင်းပ ခဲ့ပြီး အခြားကစားနည်းများကို နံနက် ၇နာရီအချိန်၌ ဆက်လက်ကျင်းပခဲ့ရာ ကလေးများအတွက် ပူစီဖောင်းဖောက် ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ လူကြီးများအတွက် အလံဆက် အပြေးပြိုင်ပွဲ၊ ချောတိုင် တက်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကျင်းပပေးခဲ့ရာ ပြည်သူများမှ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ပြီး ဆုရရှိသူများကို ဆုများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အားကစားပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေ ရဲစခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အမာ(ပြန်/ဆက်)