ဝါးခယ်မ ဇန်နဝါရီ ၅
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၃ ရက်နေ့ နံနက်(၈)နာရီက ကျုံတိုင် ကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာကျုံတိုင် ကျေးရွာအုပ်စုရှိ ပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၅၈)ဦး၊ အသက်(၁၈)နှစ်ပြည့်(၇၈) ဦး၊လဲလှယ် (၄၉)ဦး၊ မိတ္တူ(၃၆)ဦး၊စုစုပေါင်း (၂၁၈)ဦးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)