သာပေါင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ပွဲကျင်းပ 

သာပေါင်း ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင်၂၀၂၂ ခုနှစ်၊(၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ နိုင်ငံတော်အလံတင်အလေးပြုအခမ်းအနားနှင့်သ၀ဏ်လွှာဖတ်ပွဲ ကို ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၀န်အတွင်းရှိ အလံတင်မြက်ခင်းပြင်၌ကျင်း ပပြုလုပ်ခဲ့သည်။

နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားကို နံနက် ၄ နာရီ ၂၀ မိနစ်အချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊အလံတိုင်တွင် မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့ မှနိုင်ငံတော်အလံတင်ပြီးနောက် ဌာနဆိုင်ရာများ က နိုင်ငံတော်အလံအားအလေးပြုကြသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ နံနက် ၇ နာရီအချိန် သ၀ဏ်လွှာဖတ်ကြားပွဲကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ ဥက္ကဌဦးမင်းဧရာထိုက် နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ က မြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် ၂၀၂၂ ခုနှစ်၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာအားမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဥက္ကဌ ဦးမင်းဧရာထိုက် မှဖတ်ကြားခဲ့ကြောင်းသိရသည်။

 

မျိုးဇော်သိန်း