ကျိုက်ဒုံ ဇန်နဝါရီ ၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့မ အားကစားကွင်း၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ညနေ ၄ နာရီတွင် မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)