အုတ်တွင်း ဇန်နဝါရီ ၅
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့သ၀ဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို ဇန်နဝါရီ လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်းအတွင်းရှိအလံတိုင်၌ ကျင်းပ သည်။
ရှေးဦးစွာ နံနက်(၄) နာရီ(၂၀) မိနစ် အချိန်တွင် အလံတင်အခမ်းအနားကို ကျင်းပရာ နိုင်ငံတော် အလံအား အလံတင်စစ်ခရာမှုတ်၍ တိုင်ထိပ်သို့ လွှင့်တင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ အကြီးအကဲများကအလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြု ကြ သည်။
ဆက်လက်၍ သီရိရတနာခန်းမ၌ နံနက်(၇)နာရီအချိန်တွင် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံတော်အလံကို အလေးပြုပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား တက်ရောက်လာကြသူများက အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့သ၀ဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ဖတ်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။