ဘိုကလေး ဇန်နဝါရီ ၅
ကျောင်းသား လူငယ်များနှင့် အများပြည်သူများ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထား မြတ်နိုး တတ်စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့နံနက်(၈)နာရီ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ဆောင်ရွက်သည်။
အဆိုပါ Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးတင်ရွှေမှ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ဆွေးနွေးပြောကြားပြီး ဆရာကြီး ဦးအုန်းကြိုင်(ပညာရေး/ငြိမ်း)မှ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာတို့ရဲ့ဇာတိနှင့် အစဉ်အလာများ၊ ကျူးကျော်စစ်ပြုခံခဲ့ရပုံနှင့် လွတ်လပ် ရေး ကြိုးပမ်းမှုသမိုင်းနောက်ခံများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်း Talk Show အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Bogalay လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းလူမှုကွန်ယက် စာမျက်နှာတွင် အများပြည်သူ မှတ်သားဖွယ်ရာများ၊ အသိပညာပေးကဏ္ဍများ၊ နိုင်ငံတော် ထုတ်ပြန်ချက် များနှင့် ဒေသဆိုင်ရာ သတင်းအချက်အလက်များအား အသိပညာပေး လွှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)