ဒိုက်ဦး ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အလံတင်အခမ်းအနားကို နံနက်၄နာရီ၂၀မိနစ်တွင် ကျင်းပရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍နေရာယူကာ ဂုဏ်ပြုတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအားလွှင့်တင်ပြီး အလေးပြုခဲ့ကြသည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲကို နံနက်၇နာရီတွင် ပြုလုပ်ခဲ့ရာအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဒိုက်ဦးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်မှ ဖတ်ကြားခဲ့သည်။
ထို့နောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကျပန်းစကားပြောပြိုင်ပွဲတို့၌ ဆုရရှိသောကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်စစ်မှု့ထမ်းဟောင်းအဖွဲ့၊ NGOများနှင့် ဆုရကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား ၂၀၀ ကျော်ခန့် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)