လေးမျက်နှာ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈:၀၀)နာရီအချိန်က လေးမျက်နှာမြို့နယ်ရှိ မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်အတွင်းမှ ဆုရရှိသူကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သက်ဆိုင်ရာအားကစားကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကျော်ဟိန်း