သာပေါင်း ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ လွှင့်တင်ခြင်းနှင့်နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား ကို ယနေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတင် မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တတ်ရောက်ကြပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်၍ အလေးပြုခြင်း၊ ကျဆုံး လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
မျိုးဇော်သိန်း