ဝါးခယ်မ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ နယ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့၊ ရွာလယ်ရပ်ကွက်၊ ဓမ္မဒါန ကွန်ကရစ်လမ်း အပိုင်း(၁)နှင့်(၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီကကျင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဦးစွမ်းထက်နှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ ပါသည်။
အဆိုပါ လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လတာကာလအတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ပေးခဲ့ရာ လမ်းအပိုင်း(၁) အရှည်(၂၇၀)ပေ၊ အကျယ် (၃၀)ပေ၊ ထု(၈)လက်မအား ခွင့်ပြုရန်ပုံငွေကျပ်(၁၉၄.၄၀)သိန်း၊ လမ်းအပိုင်း(၂) အရှည်(၅၇၅)ပေ၊ အကျယ်(၃၀)ပေ၊ ထု(၈)လက်မအား ခွင့်ပြုရန်ပုံငွေကျပ်(၃၃၁.၂၀)သိန်းတို့အား တင်ဒါအောင်ခဲ့သည့် "Acumem Engineering Group Co, Ltd"က (၁၆.၁၁.၂၀၂၁) မှ (၁၆.၁၂.၂၀၂) ရက်ထိ တာဝန်ယူခင်းကျင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောသန္တာဦး