ဝါးခယ်မမြို့နယ်တွင် (၇၄)နှစ် မြောက်လွတ်လပ်ရေး‌နေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ဝါးခယ်မ ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့ နယ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ် လွှာဖတ်ကြားခြင်းအခမ်းအနားကိုဇန်နဝါရီ(၄)ရက်၊ နံနက် ၇နာရီ  အချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းရှိ“အောင်ဇေယျခန်းမ”တွင်ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ/ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားခြင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဦးစွမ်းထက်နှင့်တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ရီရီလွင်နှင့်ဝန်ထမ်းများက အခမ်း အနားတက်ရောက်သူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင် (၁၅၀)စောင်အား(အခမဲ့) ဖြန့်ဝေခဲ့သည်။

အဆိုပါအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူများနှင့်ပြည်သူများ၊ စုစုပေါင်းအင်အား  (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

စောသန္တာဦး