ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းရွာသစ်   ဇန်နဝါရီ  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ‌ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးနွဲ့က (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် အလယ်တန်းပြ ဆရာမဒေါ်နော်အယ်ဖလားက လွတ်လပ်ရေးနေ့သမိုင်းကြောင်းများ၊ လွတ်လပ်ရေးနေ့ဖြစ် ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း စသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)